ယော​ရှု 10:14-29 Common Language Bible (BCL)

14. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။

15. ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။

16. အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-

17. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​မင်း​များ ပုန်း​အောင်း​နေ​သည်​ကို​တွေ့​သ​ဖြင့် ယော​ရှု ထံ​သို့​အ​ကြောင်း​ကြား​လေ​သည်။-

18. ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-

19. သင်​တို့​မူ​ကား​ထို​အ​ရပ်​တွင်​စောင့်​၍​မ​နေ​နှင့်။ ရန်​သူ​များ​နောက်​သို့​လိုက်​လံ​၍​နောက်​ဆွယ်​မှ တိုက်​ခိုက်​လော့။ မြို့​များ​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​ကို​သင်​တို့​လက်​သို့​အပ်​တော်​မူ​ပြီ'' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မှာ ကြား​လေ​သည်။-

20. ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-

21. ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။

22. ထို​နောက်​ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ဖွင့်​၍ မင်း​ငါး​ပါး​ကို​ငါ့​ထံ​သို့​ထုတ်​ဆောင်​ခဲ့ ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-

23. သူ​တို့​သည်​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန် ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန်​ဘု​ရင်​တို့​ကို​လိုဏ်​ဂူ​ထဲ​မှ​ထုတ်​၍၊-

24. ယော​ရှု​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။ ထို အ​ခါ​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် မိ​မိ​နှင့်​အ​တူ​စစ်​ချီ​တိုက် ခိုက်​ခဲ့​သော​ဗိုလ်​မှူး​များ​ကို​မိ​မိ​ထံ​သို့​ဆင့် ခေါ်​၏။ ဗိုလ်​မှူး​တို့​အား``ထို​မင်း​တို့​၏​လည်​ပင်း ကို​ခြေ​ဖြင့်​နင်း​ကြ'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ခြေ​ဖြင့်​နင်း​ကြ​၏။-

25. ယော​ရှု​က​ဗိုလ်​မှူး​တို့​အား``ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​၏​ရန်​သူ​ဟူ​သ​မျှ​ကို ဤ​သို့​ပြု တော်​မူ​မည်​ဖြစ်​သော​ကြောင့်​မ​ကြောက်​ကြ နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ အား​မာန်​တင်း​၍​ရဲ ရင့်​ခြင်း​ရှိ​ကြ​လော့'' ဟူ​၍​ဆို​လေ​၏။-

26. ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-

27. နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။

28. ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-

29. ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-

ယော​ရှု 10