12. အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟုဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
13. ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။-
14. ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
15. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
16. အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။-
17. တစ်စုံတစ်ယောက်သောသူသည်ထိုမင်းများ ပုန်းအောင်းနေသည်ကိုတွေ့သဖြင့် ယောရှု ထံသို့အကြောင်းကြားလေသည်။-
18. ယောရှုက``လိုဏ်ဂူဝကိုကျောက်တုံးကြီး များဖြင့်ပိတ်ထားလော့။ အစောင့်လည်းချ ထားလော့။-
19. သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။-
20. ယောရှုနှင့်ဣသရေလအမျိုးသားတို့သည် ရန်သူမြောက်မြားစွာတို့ကိုသတ်ဖြတ်ကြ၏။ သို့ရာတွင်ရန်သူအချို့တို့သည်လွတ်မြောက် ၍တံတိုင်းကာရံထားသောမြို့များထဲသို့ ဝင်ရောက်ခိုအောင်းသဖြင့်အသက်ချမ်းသာ ရာရကြ၏။-