ယော​ရှု 10:12-14 Common Language Bible (BCL)

12. အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟုဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။

13. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။

ယော​ရှု 10