1. ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
2. ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-
3. သို့ဖြစ်၍ယေရုရှလင်မြို့ဘုရင်မင်းကြီး အဒေါနိဇေဒက်သည်ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ဝိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေပိရတို့ထံသို့သံတမန် များကိုစေလွှတ်၍၊-
4. ``ဂိဗောင်မြို့သားတို့သည်ယောရှုနှင့်ဣသ ရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ထားကြသောကြောင့် ဂိဗောင်မြို့ကို တိုက်ခိုက်ရန်ငါ့ထံသို့စစ်ကူပို့ကြပါ'' ဟုပြောစေ၏။-
5. ထိုကြောင့်အာမောရိဘုရင်ငါးပါးဖြစ် သောယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန် ဘုရင်တို့သည်စုပေါင်း၍ မိမိတို့၏စစ် သည်အလုံးအရင်းနှင့်ချီတက်လာကြ ပြီးလျှင်ဂိဗောင်မြို့ကိုဝိုင်းရံတိုက်ခိုက် ကြလေသည်။
6. ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
7. ထို့ကြောင့်ယောရှုသည်လက်ရွေးစင်စစ်သူရဲ များပါဝင်သော ဣသရေလတပ်မတော်တစ် တပ်လုံးနှင့်ဂိလဂါလမြို့မှချီတက်လာ လေသည်။-
8. ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
9. ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-