ယော​ရှု 1:13-16 Common Language Bible (BCL)

13. ``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-

14. သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-

15. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။

16. ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-

ယော​ရှု 1