ယော​ရှု 1:10-14 Common Language Bible (BCL)

10. ထို​အ​ခါ​ယော​ရှု​သည်​ခေါင်း​ဆောင်​များ ကို​ဆင့်​ခေါ်​၍၊

11. စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။

12. ထို​နောက်​ယော​ရှု​သည်​ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား၊-

13. ``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-

14. သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-

ယော​ရှု 1