1. ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
2. ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
3. မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-