6. ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-
7. သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။-
8. နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
9. သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
10. ထာဝရဘုရားက``သင်သည်သင်ကိုယ်တိုင် မစိုက်မပြုစုရဘဲ တစ်ညချင်းတွင်ပင် ပေါက်ပြီးတစ်ညတွင်းပင်သေသွားသော ကြက်ဆူပင်ကိုနှမြောသည်မဟုတ်လော။-