ယော​န 4:4-8 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။

5. ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။-

6. ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-

7. သို့​ရာ​တွင်​နောက်​တစ်​နေ့​မိုး​သောက်​ချိန်​၌ ဘု​ရား​သ​ခင်​သည်​ယော​န​အ​ရိပ်​ခို​နေ သော​အ​ပင်​ကို ပိုး​ကောင်​တစ်​ကောင်​အား ကိုက်​စေ​သ​ဖြင့်​ထို​အ​ပင်​သေ​လေ​၏။-

8. နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။

ယော​န 4