ယော​န 3:5-8 Common Language Bible (BCL)

5. နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။

6. ထို​ကြေ​ညာ​ချက်​ကို​နိ​နေ​ဝေ​မင်း​ကြား တော်​မူ​သော​အ​ခါ ရာ​ဇ​ပလ္လင်​ပေါ်​မှ​ထ​၍ ဝတ်​လဲ​တော်​ကို​ချွတ်​ပြီး​လျှင်​လျှော်​တေ​ကို ဝတ်​တော်​မူ​၏။ ထို​နောက်​ပြာ​ထဲ​တွင်​ထိုင် နေ​တော်​မူ​၏။-

7. ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-

8. လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​သည်​လျှော်​တေ ကို​ဝတ်​ရ​ကြ​မည်။ လူ​တိုင်း​ပင်​စိတ်​အား​ထက် သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ရ​မည်။ ထို့​ပြင်​မိ​မိ​တို့​၏​မ​ကောင်း​မှု​များ​နှင့်​အ​ဋ္ဌမ္မ မှု​များ​ကို​စွန့်​ပစ်​ရ​ကြ​မည်။-

ယော​န 3