ယော​န 3:1-2-6 Common Language Bible (BCL)

1-2. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​န​အား``ထ လော့၊ နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​လော့။ ငါ​မှာ သည့်​အ​တိုင်း​မြို့​သူ​မြို့​သား​တို့​အား​သ​တိ ပေး​လော့'' ဟု​ဒု​တိ​ယ​အ​ကြိမ်​အ​မိန့်​ပေး တော်​မူ​၏။-

3. သို့​ဖြစ်​၍​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​၍​နိ​နေ​ဝေ​မြို့​ကို သွား​၏။ နိ​နေ​ဝေ​မြို့​သည်​အ​လွန်​ကြီး​ရ ကား​ထို​မြို့​ကို​တစ်​ဘက်​မှ​တစ်​ဘက်​သို့ ဖြတ်​လျှောက်​လျှင်​သုံး​ရက်​ခ​ရီး​ကြာ​၏။-

4. ယော​န​သည်​နိ​နေ​ဝေ​မြို့​သို့​ရောက်​၍​မြို့​တွင်း သို့​တစ်​နေ့​ခ​ရီး​ဝင်​ပြီး​နောက်``နိ​နေ​ဝေ​မြို့ သည်​အ​ရက်​လေး​ဆယ်​ကြာ​သော​အ​ခါ ပျက်​လိမ့်​မည်'' ဟု​ကြေ​ညာ​လေ​၏။

5. နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။

6. ထို​ကြေ​ညာ​ချက်​ကို​နိ​နေ​ဝေ​မင်း​ကြား တော်​မူ​သော​အ​ခါ ရာ​ဇ​ပလ္လင်​ပေါ်​မှ​ထ​၍ ဝတ်​လဲ​တော်​ကို​ချွတ်​ပြီး​လျှင်​လျှော်​တေ​ကို ဝတ်​တော်​မူ​၏။ ထို​နောက်​ပြာ​ထဲ​တွင်​ထိုင် နေ​တော်​မူ​၏။-

ယော​န 3