1-2. ထိုနောက်ထာဝရဘုရားသည်ယောနအား``ထ လော့၊ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာ သည့်အတိုင်းမြို့သူမြို့သားတို့အားသတိ ပေးလော့'' ဟုဒုတိယအကြိမ်အမိန့်ပေး တော်မူ၏။-
3. သို့ဖြစ်၍ယောနသည်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံ၍နိနေဝေမြို့ကို သွား၏။ နိနေဝေမြို့သည်အလွန်ကြီးရ ကားထိုမြို့ကိုတစ်ဘက်မှတစ်ဘက်သို့ ဖြတ်လျှောက်လျှင်သုံးရက်ခရီးကြာ၏။-