ယော​န 2:3-8 Common Language Bible (BCL)

3. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။

4. အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။

5. ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်းအ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။

6. အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။

7. အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင်အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

8. အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကိုကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။

ယော​န 2