ယော​န 1:8-11 Common Language Bible (BCL)

8. သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။

9. ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-

10. ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-

11. ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။

ယော​န 1