13. သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
14. ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-
15. ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။-
16. ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
17. ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။