ယောဘဝတ္တု။ 41:1-4 Common Language Bible (BCL)

1. လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။

2. သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။

3. သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။

4. သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။

ယောဘဝတ္တု။ 41