ယောဘဝတ္တု။ 4:2-6 Common Language Bible (BCL)

2. ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။

3. သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။

4. သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။

5. ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။

6. သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။

ယောဘဝတ္တု။ 4