17. သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
18. မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
19. အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
20. အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
21. သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
22. သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
23. ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
24. အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
25. လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊