15. ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
16. ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
17. မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
18. သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
19. ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
20. ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
21. လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
22. မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
23. အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
24. သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။