2. သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
3. ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
4. ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။