ယောဘဝတ္တု။ 29:2-7 Common Language Bible (BCL)

2. ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။

3. ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။

4. ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။

5. ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။

6. ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။

7. ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊

ယောဘဝတ္တု။ 29