25. မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
26. ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
27. မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
28. သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
29. ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။