ယောဘဝတ္တု။ 17:7-11 Common Language Bible (BCL)

7. ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။

8. ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။

9. ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။

10. သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။

11. ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

ယောဘဝတ္တု။ 17