ယောဘဝတ္တု။ 15:31-35 Common Language Bible (BCL)

31. အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။

32. အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။

33. စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။

34. အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။

35. ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။

ယောဘဝတ္တု။ 15