ယောဘဝတ္တု။ 13:22-26 Common Language Bible (BCL)

22. ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။

23. အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။

24. ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။

25. လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။

26. အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။

ယောဘဝတ္တု။ 13