2. ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
3. ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။
4. ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။
5. ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။