ယု​ဒ 1:6-16 Common Language Bible (BCL)

6. မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-

7. သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။

8. ဤ​ဘု​ရား​မဲ့​သော​သူ​တို့​သည်​လည်း​ထို​သူ​တို့ နည်း​တူ​ပင်​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ မြင်​မက်​သော​ရူ​ပါ​ရုံ​များ​ကြောင့် မိ​မိ​တို့​၏ ကိုယ်​ခန္ဓာ​များ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ ဘု​ရား သ​ခင်​၏​အာ​ဏာ​ကို​မ​ထီ​လေး​စား​ပြု​လျက် အ​ထက်​အ​ရပ်​မှ​ဘုန်း​အ​သ​ရေ​ရှင်​တို့​ကို စော်​ကား​ကြ​၏။-

9. ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင်​လျှင်​ဤ အ​မှု​မျိုး​ကို​မ​ပြု​ချေ။ မော​ရှေ​၏​ကိုယ်​ခန္ဓာ ကို အ​ဘယ်​သူ​ယူ​သင့်​သည်​ဟူ​သော​အ​ချက် နှင့်​ပတ်​သက်​၍ နတ်​မိစ္ဆာ​ကြီး​နှင့်​အ​ငြင်း​ပွား ရာ​တွင် သူ​သည်​နတ်​မိစ္ဆာ​ကြီး​အား​ပြစ်​တင် ရှုတ်​ချ​မှု​ကို​မ​ပြု​ဝံ့​ဘဲ ``သင့်​အား​ထာ​ဝ​ရ ဘု​ရား​ဆုံး​မ​တော်​မူ​ပါ​စေ'' ဟူ​၍​သာ ပြော​ဆို​လေ​သည်။-

10. သို့​ရာ​တွင်​ဤ​သူ​တို့​သည်​ကား မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ပြစ်​တင်​ရှုတ်​ချ​တတ်​ကြ​၏။ တော​တိ​ရ​စ္ဆာန် များ​နည်း​တူ မိ​မိ​တို့​၏​ပင်​ကိုယ်​ဇာတိ​စိတ် အား​ဖြင့်​သိ​ရှိ​နား​လည်​ရ​သည့်​အ​ရာ​များ က​လည်း သူ​တို့​အား​ဆုံး​ရှုံး​ပျက်​စီး​စေ တတ်​ကြ​၏။-

11. သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-

12. သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-

13. ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။

14. အာ​ဒံ​မှ​ဆင်း​သက်​၍​သ​တ္တမ​ဆက်​မြောက် သော​သူ​ဧ​နောက်​က ဤ​သူ​တို့​အ​ကြောင်း​နှင့် ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​၏​မြင့်​မြတ်​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ​နှင့်​ကြွ​လာ​၍၊-

15. တစ်​ကမ္ဘာ​လုံး​ကို​တ​ရား​စီ​ရင်​တော်​မူ​လိမ့် မည်။ လူ​အ​ပေါင်း​တို့​အား မိ​မိ​တို့​၏​ဆိုး​သွမ်း ယုတ်​မာ​မှု​များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား မဲ့​အ​ပြစ်​သား​တို့​ဘု​ရား​သ​ခင်​အား ရိုင်း​ပြ စွာ​ပြစ်​မှား​ပြော​ဆို​ကြ​သည့်​စ​ကား​များ အ​တွက်​လည်း​ကောင်း အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​လိမ့်​မည်'' ဟု​ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို တင်​ဟော​ပြော​ခဲ့​လေ​သည်။-

16. ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။

ယု​ဒ 1