ယု​ဒ 1:16-19 Common Language Bible (BCL)

16. ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။

17. သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​များ​က၊-

18. ``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-

19. ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-

ယု​ဒ 1