2. သင်တို့၏စည်းစိမ်ဥစ္စာသည်ဆွေးမြေ့လေပြီ။ သင်တို့၏အဝတ်များသည်ပိုးကိုက်စားကုန် ပြီ။-
3. သင်တို့၏ရွှေငွေများသည်လည်းအချေးတက် လျက်နေလေပြီ။ ထိုအချေးသည်သင်တို့တစ်ဘက် ၌သက်သေအထောက်အထားဖြစ်၍ မီးကဲ့သို့ သင်တို့အသားကိုလောင်ကျွမ်းပျက်စီးစေလိမ့် မည်။ ဤနောက်ဆုံးသောနေ့ရက်ကာလ၌သင်တို့ သည်ဥစ္စာဘဏ္ဍာများကိုစုဆောင်းသိုမှီးလျက် နေကြသည်တကား။-
4. သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-
5. သင်တို့သည်လောကတွင်စည်းစိမ်ခံလျက် ပျော်ပါးခဲ့ကြ၏။ အသတ်ခံရကြမည့်နေ့ အတွက်မိမိတို့ကိုယ်ကိုဆူဖြိုးအောင်ကျွေး မွေးခဲ့ကြ၏။-
6. အပြစ်ကင်းသူများကိုသေဒဏ်ပေး၍ သတ်ခဲ့ကြ၏။ သို့ရာတွင်ထိုသူတို့သည် သင်တို့အားမခုခံကြ။
7. သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
8. သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။