ယာ​ကုပ် 5:12-18 Common Language Bible (BCL)

12. ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

13. သင်​တို့​တွင်​ဒုက္ခ​ရောက်​လျက်​နေ​သော​သူ​သည် ဆု​တောင်း​စေ။ စိတ်​ရွှင်​လန်း​သူ​သည်​သီ​ချင်း ဆို​စေ။-

14. ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-

15. ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-

16. သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-

17. ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-

18. နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။

ယာ​ကုပ် 5