11. သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
12. ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။
13. သင်တို့တွင်ဒုက္ခရောက်လျက်နေသောသူသည် ဆုတောင်းစေ။ စိတ်ရွှင်လန်းသူသည်သီချင်း ဆိုစေ။-
14. ဖျားနာသူသည်အသင်းတော်ကိုအုပ်ထိန်းသူ လူကြီးများအားဖိတ်ခေါ်စေ။ သူတို့သည်သခင် ဘုရား၏နာမတော်ကိုအမှီပြု၍ လူနာ အားဆီဖြင့်လူး၍ဆုတောင်းကြစေ။-
15. ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။-
16. သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-
17. ဧလိယသည်ငါတို့နည်းတူသာမန်လူသား ဖြစ်ပေသည်။ သူသည်မိုးမရွာစေရန်စိတ်အား ထက်သန်စွာဆုတောင်းသောအခါ ကမ္ဘာမြေ ပေါ်သို့သုံးနှစ်နှင့်ခြောက်လတိုင်တိုင်မိုးမရွာ ဘဲနေ၏။-
18. နောက်တစ်ဖန်ဧလိယဆုတောင်းသောအခါ ကောင်းကင်မှမိုးများရွာချလာသဖြင့် မြေ ဆီလွှာသည်အသီးအနှံများကိုဖြစ်ထွန်း စေ၏။
19. ငါ့ညီအစ်ကိုတို့၊ သင်တို့အနက်တစ်စုံတစ် ယောက်သောသူသည်သမ္မာတရားလမ်းမှလွဲ မှား၍သွားသဖြင့် အခြားသူတစ်ယောက်က လမ်းမှန်သို့ပြန်လည်ပို့ဆောင်ခဲ့သည်ဆိုအံ့။-
20. ယင်းသို့အပြစ်ကူးသူတစ်ဦးအားလမ်းမှား မှပြန်လည်ခေါ်ဆောင်ကာသူသည် ထိုသူ၏ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍သူ့အား များစွာသောအပြစ်တို့မှပြေလွှတ်ခွင့်ရ စေရန်ဆောင်ရွက်ပေးသူဖြစ်လိမ့်မည်။ ရှင်ယာကုပ်သြဝါဒစာပြီး၏။