12. ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။
13. ``ယနေ့သို့မဟုတ်နက်ဖြန်နေ့၌ဤမည်သော မြို့သို့ငါတို့သွား၍တစ်နှစ်မျှနေကြကုန်အံ့။ ထိုမြို့တွင်ကုန်သွယ်၍ငွေအမြောက်အမြားရှာ ကြကုန်အံ့'' ဟုသင်တို့အချို့ပြောဆိုလေ့ရှိ ကြ၏။ သို့ရာတွင်ငါပြောသည်ကိုနားထောင် ကြလော့။-
14. သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-
15. ``ထာဝရဘုရားအလိုတော်ရှိလျှင်ငါတို့ သည်အသက်ရှင်၍ဤအမှုထိုအမှုကိုပြု ကြမည်'' ဟုသင်တို့ဆိုသင့်ကြ၏။-
16. ယခုမူကားသင်တို့သည်မာန်မာနကြီးကာ ကြွားဝါတတ်ကြ၏။ ယင်းသို့ကြွားဝါမှုရှိ သမျှသည်အပြစ်ဖြစ်၏။
17. သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။