1. သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
2. သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-
3. သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-
4. သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
5. ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
6. သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
7. သို့ဖြစ်၍ဘုရားသခင်၏အလိုတော်သို့လိုက် ကြလော့။ မာရ်နတ်ကိုခုခံကြလော့။ သို့ပြု လျှင်သူသည်သင်တို့ထံမှထွက်ပြေးလိမ့်မည်။-
8. ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
9. ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-
10. သင်တို့သည်မိမိတို့ကိုယ်ကိုထာဝရဘုရား ၏ရှေ့တော်၌နှိမ့်ချကြလော့။ သို့ပြုလျှင်ကိုယ် တော်သည်သင်တို့အားချီးမြှောက်တော်မူလိမ့် မည်။
11. ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-