12. သို့ဖြစ်၍သင်တို့သည်လွတ်မြောက်ခြင်းဆိုင် ရာတရားတော်အရတရားစီရင်ခြင်းခံ ရကြမည့်သူတို့ကဲ့သို့ပြောဆိုကျင့်ကြံ ကြလော့။-
13. ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
14. ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-
15. ညီအစ်ကိုမောင်နှမတို့သည်ဝတ်ရေးစား ရေးချို့တဲ့ဆင်းရဲသောအခါ၊-
16. သင်တို့က``သင်တို့ကိုဘုရားသခင်ကောင်းချီး ပေးတော်မူပါစေ။ နွေးနွေးနေကြလော့။ ဝစွာ စားကြလော့'' ဟုဆိုလျက်သူတို့လိုအပ်သည့် အသုံးအဆောင်ကိုမပေးဘဲနေပါမူ အဘယ်အကျိုးရှိပါမည်နည်း။-
17. ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။
18. သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
19. ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။-
20. အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။-
21. ငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။-
22. သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။-
23. သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-
24. သို့ဖြစ်၍လူသည်ယုံကြည်ခြင်းအားဖြင့် သာမဟုတ်ဘဲ ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံမှုကိုရရှိနိုင်ကြောင်းသင်တို့သိ ကြ၏။
25. ပြည့်တန်ဆာမရာခပ်၏အကြောင်းမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူသည်ဣသရေလ သူလျှိုများကိုကြိုဆိုလက်ခံပြီးနောက် အခြား လမ်းဖြင့်ထွက်ခွာသွားနိုင်ရန်ကူညီမစခဲ့ ပေသည်။ ဤအမှုကြောင့်သူသည်ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုရရှိ၏။
26. ထို့ကြောင့်ဝိညာဉ်နှင့်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသည့် ယုံကြည်ခြင်းသည်အသေဖြစ်သတည်း။