11. အဘယ်ကြောင့်ဆိုသော်``သူ့အိမ်ရာကိုမပြစ် မှားနှင့်'' ဟုမိန့်တော်မူသောအရှင်သည် ``သူ့ အသက်ကိုမသတ်နှင့်'' ဟုလည်းမိန့်တော်မူ သောကြောင့်ဖြစ်၏။ သင်သည်သူ့အိမ်ရာကို မပြစ်မှားဘဲနေကောင်းနေလိမ့်မည်။ သို့ရာ တွင်လူ့အသက်ကိုသတ်ပါမူပညတ်တော် ကိုချိုးဖောက်ရာရောက်၏။-
12. သို့ဖြစ်၍သင်တို့သည်လွတ်မြောက်ခြင်းဆိုင် ရာတရားတော်အရတရားစီရင်ခြင်းခံ ရကြမည့်သူတို့ကဲ့သို့ပြောဆိုကျင့်ကြံ ကြလော့။-
13. ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
14. ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-
15. ညီအစ်ကိုမောင်နှမတို့သည်ဝတ်ရေးစား ရေးချို့တဲ့ဆင်းရဲသောအခါ၊-
16. သင်တို့က``သင်တို့ကိုဘုရားသခင်ကောင်းချီး ပေးတော်မူပါစေ။ နွေးနွေးနေကြလော့။ ဝစွာ စားကြလော့'' ဟုဆိုလျက်သူတို့လိုအပ်သည့် အသုံးအဆောင်ကိုမပေးဘဲနေပါမူ အဘယ်အကျိုးရှိပါမည်နည်း။-
17. ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။
18. သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
19. ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။-