ယာ​ကုပ် 1:26-27 Common Language Bible (BCL)

26. လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။-

27. ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။

ယာ​ကုပ် 1