17. ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
18. ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။
19. ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
20. လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။-
21. သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။
22. တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
23. တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။-
24. သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။-