21. ``ဝတ်လုံတော်အမြိတ်ကိုမျှလက်နှင့်တို့ထိရလျှင် ငါ၏ရောဂါပျောက်လိမ့်မည်'' ဟုတစ်ကိုယ်တည်းပြော ဆိုလျက်ဝတ်လုံတော်အမြိတ်ကိုတို့ထိလေ၏။
22. သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
23. သခင်ယေရှုသည်တရားဇရပ်အုပ်ချုပ်ရေးမှူး ၏အိမ်သို့ရောက်တော်မူလျှင် တီးမှုတ်သူများနှင့် ဆူညံလျက်နေသောလူပရိသတ်ကိုမြင်တော်မူ ၏။-
24. ထိုအခါကိုယ်တော်က ``ဖယ်ကြ။ သူငယ်မသေ သည်မဟုတ်။ အိပ်လျက်သာနေ၏'' ဟုမိန့်တော်မူ လျှင်သူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ၏။-
25. ကိုယ်တော်သည်လူတို့ကိုအပြင်သို့ထွက်စေပြီး နောက်အခန်းထဲသို့ဝင်၍ သူငယ်မ၏လက်ကို ကိုင်လျက်ထူမတော်မူသောအခါသူငယ်မ သည်ထလေ၏။-
26. ဤအဖြစ်အပျက်သတင်းသည်ထိုဒေသတွင် ပျံ့နှံ့သွားလေ၏။
27. သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွတော် မူသောအခါမျက်မမြင်နှစ်ယောက်သည် ``ဒါဝိဒ် ၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော်လျက်နောက်တော်သို့လိုက်လာကြ၏။
28. ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။
29. ထိုအခါကိုယ်တော်က ``သင်တို့ယုံကြည်သည့် အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူလျက်သူတို့၏ မျက်စိများကိုလက်ဖြင့်တို့ထိတော်မူ၏။-
30. ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။
31. သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
32. ထိုသူတို့ထွက်ခွာသွားကြစဉ်လူအချို့တို့သည် နတ်မိစ္ဆာပူးဝင်၍ဆွံ့အနေသူလူတစ်ယောက်ကို အထံတော်သို့ခေါ်ခဲ့ကြ၏။-
33. နတ်မိစ္ဆာကိုနှင်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသူသည်စကားပြောလေ၏။ လူပရိသတ် တို့သည်လွန်စွာအံ့သြကြလျက် ``ဤသို့သော အခြင်းအရာမျိုးကိုဣသရေလနိုင်ငံတွင် မမြင်စဖူး'' ဟုပြောဆိုကြ၏။
34. ဖာရိရှဲတို့က ``ဤသူသည်နတ်မိစ္ဆာဘုရင်ကို အမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်ခြင်းဖြစ် သည်'' ဟုပြောဆိုကြ၏။
35. သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
36. လူပရိသတ်တို့သည်သိုးထိန်းမဲ့သည့်သိုးများ ကဲ့သို့အားကိုးစရာမရှိ၊ ပူပင်သောကရောက် လျက်နေကြသည်ကိုမြင်တော်မူလျှင်သူတို့အား သနားကြင်နာတော်မူ၏။-