မဿဲ 9:21-33 Common Language Bible (BCL)

21. ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။

22. သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။

23. သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။-

24. ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။-

25. ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။-

26. ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။

27. သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။

28. ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။

29. ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။-

30. ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။

31. သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။

32. ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။-

33. နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။

မဿဲ 9