2. ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။
3. ကျမ်းတတ်ဆရာအချို့တို့က ``ဤသူသည် ဘုရားသခင်ကိုပြစ်မှားပြောဆိုလေပြီ'' ဟု အချင်းချင်းပြောဆိုကြ၏။
4. သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။-
5. `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှထ၍ လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
6. သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``ထလော့၊ ထမ်းစင် ကိုထမ်း၍အိမ်သို့ပြန်လော့'' ဟုမိန့်တော်မူ၏။
7. ထိုသူသည်လည်းထ၍အိမ်သို့ပြန်လေ၏။-
8. ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။
9. သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
10. သခင်ယေရှုသည်မဿဲ၏အိမ်တွင်ညစာစား လျက်နေတော်မူသောအခါ အခွန်ခံသူများ နှင့်အခြားအပယ်ခံသူများသည်လည်းပါ ဝင်စားသောက်ကြ၏။-
11. ထိုအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``သင် တို့၏ဆရာသည်အဘယ်ကြောင့်ဤလူတန်းစား များနှင့်အတူထိုင်လျက်စားသောက်နေပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်းကြ၏။
12. ယင်းသို့မေးမြန်းသည်ကိုသခင်ယေရှုကြား တော်မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကို မလို။ ဖျားနာသူသာလျှင်လို၏။-
13. `ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။
14. ထိုအခါယောဟန်၏တပည့်များသည်ကိုယ်တော် ၏ထံသို့လာရောက်လျက် ``အကျွန်ုပ်တို့နှင့်ဖာရိရှဲ တို့သည်မကြာခဏအစာရှောင်ကြပါ၏။ သို့ ရာတွင်အရှင်၏တပည့်များမူကားအဘယ် ကြောင့်အစာမရှောင်ကြပါသနည်း'' ဟုမေး လျှောက်ကြ၏။
15. သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။
16. မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကိုဖာ လေ့မရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ရာပြဲရာပို၍ဆိုးမည်။-