မဿဲ 9:19-27 Common Language Bible (BCL)

19. သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ထ​တော်​မူ​၍​ထို သူ​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့ လည်း​လိုက်​သွား​ကြ​၏။

20. တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊-

21. ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။

22. သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။

23. သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။-

24. ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။-

25. ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။-

26. ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။

27. သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။

မဿဲ 9