17. ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
18. သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။
19. သို့ဖြစ်၍သခင်ယေရှုသည်ထတော်မူ၍ထို သူနှင့်အတူကြွတော်မူ၏။ တပည့်တော်တို့ လည်းလိုက်သွားကြ၏။
20. တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲကပ် နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်သို့ချဉ်းကပ်ပြီးလျှင်၊-
21. ``ဝတ်လုံတော်အမြိတ်ကိုမျှလက်နှင့်တို့ထိရလျှင် ငါ၏ရောဂါပျောက်လိမ့်မည်'' ဟုတစ်ကိုယ်တည်းပြော ဆိုလျက်ဝတ်လုံတော်အမြိတ်ကိုတို့ထိလေ၏။
22. သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။