14. ထိုအခါယောဟန်၏တပည့်များသည်ကိုယ်တော် ၏ထံသို့လာရောက်လျက် ``အကျွန်ုပ်တို့နှင့်ဖာရိရှဲ တို့သည်မကြာခဏအစာရှောင်ကြပါ၏။ သို့ ရာတွင်အရှင်၏တပည့်များမူကားအဘယ် ကြောင့်အစာမရှောင်ကြပါသနည်း'' ဟုမေး လျှောက်ကြ၏။
15. သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။
16. မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကိုဖာ လေ့မရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ရာပြဲရာပို၍ဆိုးမည်။-
17. ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။