မဿဲ 8:4-8 Common Language Bible (BCL)

4. သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

5. က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊-

6. ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

7. ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊

8. စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-

မဿဲ 8