29. ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
30. ထိုသူတို့နှင့်အနည်းငယ်မျှဝေးသောနေရာတွင် ဝက်အုပ်ကြီးတစ်အုပ်သည်အစာစားလျက်ရှိ၏။-
31. နတ်မိစ္ဆာတို့က ``အရှင်၊ အကျွန်ုပ်တို့ကိုနှင်ထုတ်မည် ဆိုပါကအကျွန်ုပ်တို့အားထိုဝက်များကိုပူးဝင် ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်ကြ၏။
32. ကိုယ်တော်ကလည်း ``သွားကြလော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာတို့သည်ထိုသူတို့ထံမှထွက်ခွာ၍ ဝက်များ ကိုပူးဝင်ကြသဖြင့်ဝက်အုပ်တစ်အုပ်လုံးပင် ချောက် ကမ်းပါးအတိုင်းပြေးဆင်းကာအိုင်ထဲတွင်နစ်မြုပ် သေဆုံးကြ၏။
33. ဝက်ထိန်းများသည်မြို့သို့ထွက်ပြေးပြီးနောက် နတ်မိစ္ဆာပူးဝင်သူလူနှစ်ယောက်အကြောင်းနှင့် မိမိ တို့တွေ့ကြုံရသည့်အဖြစ်အပျက်အလုံးစုံ ကိုပြောကြားကြ၏။-
34. သို့ဖြစ်၍ထိုမြို့တစ်မြို့လုံးပင်လျှင်သခင်ယေရှု ထံသို့လိုက်လာကြလေသည်။ ကိုယ်တော်ကိုတွေ့သော အခါမိမိတို့ဒေသမှထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။