14. သခင်ယေရှုသည်ပေတရုအိမ်သို့ကြွတော်မူ သောအခါပေတရု၏ယောက္ခမမိန်းမသူသည် ဖျား၍အိပ်ရာပေါ်တွင်လဲလျက်နေသည်ကို မြင်တော်မူ၏။-
15. ကိုယ်တော်သည်ထိုအမျိုးသမီး၏လက်ကိုတို့ထိ တော်မူလျှင် သူမသည်အဖျားပျောက်သွားသဖြင့် ထ၍ကိုယ်တော်အားဧည့်သည်ဝတ်ပြုလေ၏။
16. ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
17. ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
18. သခင်ယေရှုသည်မိမိပတ်လည်ရှိလူပရိသတ် ကိုတွေ့မြင်တော်မူလျှင် အိုင်တစ်ဖက်သို့ထွက်ခွာ ရန်တပည့်တော်တို့အားအမိန့်ပေးတော်မူ၏။-
19. ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
20. သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။