မဿဲ 6:13-25 Common Language Bible (BCL)

13. အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ'ဟူ​၍​ဆု​တောင်း​ကြ​လော့။

14. ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

15. သို့​ရာ​တွင်​သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား သည့်​အ​ပြစ်​များ​ကို​မ​ဖြေ​မ​လွှတ်​ကြ​လျှင်​မူ ကား သင်​တို့​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

16. ``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။-

17. သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။-

18. သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။

19. ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-

20. သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။-

21. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။

22. ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။-

23. သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။

24. ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

25. ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။-

မဿဲ 6