5. ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
6. ``ဘုရားသခင်၏အလိုတော်အတိုင်းလိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
7. ``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
8. ``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
9. ``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။