11. ``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက်မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
12. ``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
13. ``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။
14. ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။-
15. ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-