မဿဲ 3:4-7 Common Language Bible (BCL)

4. ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-

5. ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​ဒေ​သ မှ​လူ​အ​ပေါင်း​တို့​သည်​လည်း​ကောင်း​ယော​ဟန်​ထံ သို့​လာ​ကြ​၏။-

6. သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ ဝန်​ခံ​ကြ​သ​ဖြင့် ယော​ဟန်​သည်​ယော်​ဒန်​မြစ် တွင်​သူ​တို့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။

7. ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

မဿဲ 3